Sunday, August 31, 2014

ဓမ္မဒူတ(ကိုရီးယား) နဝမအကြိမ်မြောက် စုပေါင်း ဒုလ္လဘ ရဟန်းပြုပွဲ ပြုလုပ်မည်

ယခုလာမည့် ချူးဆောက်ကာလ (စက်တင်္ဘာ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ရက်များ) အတွင်း ကိုရီးယားနိုင်ငံ ဓမ္မဒူတစင်တာတွင် နဝမအကြိမ်မြောက် စုပေါင်းဒုလ္လဘ ရဟန်းအလှူပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာမောင်း ခတ်လိုက်ပါသည် ။
ဒုလ္လဘ ရဟန်းပြုပွဲ အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- စက်တင်္ဘာလ ၇ ရက် (တနင်္ဂနွေ) ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒုလ္လဘ ရဟန်းလောင်းများ သာမဏေရ ပဗ္ဗဇ္ဖ မင်္ဂလာ ။
- ၂၀၁၄ခုနှစ် စက်တင်္ဘာလ ၈ ရက် (တနင်္လာ) ၊ နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ၊ ဒုလ္လဘရဟန်းလောင်းများ ဥပသမ္ဘဒကံဆောင်ပွဲ (သိမ်တက်ပွဲ) ။

ဥပသမ္ဘဒ ကံဆောင်ပွဲ နှင့် သာဓုအနုမောဒနာ အလှူတော်ရေစက်ချမင်္ဂလာဓမ္မသဘင်သို့ ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ(ဓမ္မဒူတ) ကြွရောက်ချီးမြှင့်တော်မူပါမည်။

ဒုလ္လဘရဟန်းလောင်းများအတွက် သင်္ကန်း ပရိက္ခရာများ နှင့် လိုအပ်သော အသုံးအဆောင်များကို မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများက ချီးပင့် လှူဒါန်းကြမည်ဖြစ်ပြီး ၊ ဒုလ္လဘ ရဟန်းပြု ကုသိုလ်ယူလိုသူများ အောက်ပါ ဖုန်းနံပတ်သို့ဆက်သွယ် မေးမြန်း စာရင်းပေးသွင်းနိုင်ကြပါသည်-
- ၀၁၀-၈၃၃၀-၁၇၉၂
- စက်တင်္ဘာလ ၄ ရက်နေ့ နောက်ဆုံးထား စာရင်းပေးတော်မူကြပါ။

ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၄ခုနှစ် သြဂုတ်လ ၃၀ ရက်

No comments: