Friday, August 29, 2014

အသုဘ ရှု ဖိတ်ကြားစာ

အသုဘ ရှု ဖိတ်ကြားစာ 

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကုန်းသာရွာနေ အဘ ဦးတင်ရွှေ၊ အမိ ဒေါ်ငွေဌေးတို့၏ သား၊ ဘဒ္ဒန္တ ဥတ္တရ ( ဦးပဉ္ဇင်းလေး (မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ တူ 

ကိုဆန်းအောင် ( အသက် ၂၂နှစ် ) သည် 

သြဂတ် ၂၂ ရက် သောကြာနေ့ နံနက် ကိုရီးယားနိုင်ငံ ဆောအုလ် တက္ကသိုလ် ဆေးရုံကြီးတွင် ဘ၀တစ်ပါးသို့ ကူးပြောင်း ကွယ်လွန် အနိစ္စရောက်သွားခဲ့ရာ ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို လာမည့် ၂၀၁၄ ခုနှစ် သြဂတ် ၃၁ ရက် တနင်္ဂနွေနေ့တွင် အောက်ပါ အစီအစဉ်အတိုင်း သဂြို င်္ဟ်မည်ဖြစ်ပါကြောင်း ညိုးငယ်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။  

အစီအစဉ် ၁။ ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ် သြဂတ် ၃၀ ရက် စနေနေ့ ညနေ ၆နာရီမှ စတင်၍ ဘူချောန်မြို့ ၀ါန်မိဂု ဆောကွာန်ဆာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတိုက် အတွင်းရှိ နိဗ္ဗာန်ဘုံ အအေးတိုက်တွင် အသုဘ ရှု ကြွရောက်ကြပါရန်။ ================================== 

ရက်စွဲ ။           ။ ၂၀၁၄ ခုနှစ် သြဂတ် ၃၁ ရက် တနင်္ဂနွေနေ့

အစီအစဉ် ၂။ နံနက် ၆နာရီ ၃၀ မီနစ်
ဆောကွာန်ဆာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ နိဗ္ဗာန်ဘုံ အအေးတိုက် ခန်းမဆောင်တွင် ကွယ်လွန်သူ ကိုဆန်းအောင် (၂၂နှစ်)အား ရည်စူး၍ မြတ်စွာဘုရား အမှူးထား၍ ပင့်သံဃာတော်အပေါင်းတို့အား အရုဏ် မုန့်ဟင်းခါးဆွမ်း ခဲဘွယ် ဘောဇဉ်နှင့် ၀တ္ထု၊ သင်္ကန်းတို့ကို ဆက်ကပ် လှူဒါန်းပြီး ကုသိုလ်အပေါင်းတို့ကို ရေစက်သွန်းချ အမျှပေးဝေပါမည်။ 

အစီအစဉ် ၃။ နေ့လည် ၁၂ နာရီ အချိန်
ဆောကွာန်ဆာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ နိဗ္ဗာန်ဘုံ အအေးတိုက်မှ ဘူဖြောန်း သုဿာန်သို့ ကားများ စတင် ထွက်ခွာမှာဖြစ်ပါသည်။ 

အစီအစဉ် ၄။ နေ့လည် ၂နာရီခန့် 
ကွယ်လွန်သူ ကိုဆန်းအောင် (၂၂နှစ်)၏ ရုပ်အလောင်းကို မီးသဂြို င်္ဟ်မှာ ဖြစ်ပါသည်။ ( မီးသဂြို င်္ဟ်အချိန် ၂နာရီ ) ကြွင်းကျန်ရစ်သည့် အရိုးပြာများကို ဘူဖြောန်းသုဿာန်အတွင်းရှိ အရိုးပြာများ ထားရှိရန် နေရာတွင် ထားရှိခဲ့မှာဖြစ်ပါသည်။


ဆက်သွယ်ရန် 
ဘဒ္ဒန္တ ဥတ္တရ (မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) 
၀၁၀ ၂၃၂၇ ၂၄၅၇

မြန်မာအသင်း (ကိုရီးယား) 
ဦးခင်မောင်ရင် (၀၁၀-၂၇၈၈-၇၁၅၃) 
ဦးဝင်းနိုင်ဦး ( ၀၁၀ - ၈၆၄၈ - ၄၅၃၃ )

 ဘူချောန် ရွှေ့ပြောင်းနေထိုင်သူများ ထောက်ပံ့ စောင့်ရှောက်ရေးအဖွဲ့ကလည်း အသုဘအတွက် လိုအပ်သည်များကို ကူညီ လုပ်ဆောင်ပေးသလို ဘူချောန်မြို့ ၀ါန်မိဂု ဆောကွာန်ဆာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကလည်း ရုပ်အလောင်းကို အအေးတိုက်တွင် ထားရှိ ခ စရိတ် များကို အခမဲ့ ကုသိုလ်ယူ လုပ်ဆောင်ပေးပါသည်။

No comments: