ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)
ကိုရီးယားရောက် မြန်မာအသင်းအဖွဲ့များနှင့် ညီအကိုမောင်နှမများခင်ဗျာ။
ယနေ့ မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် တန်ခူးလပြည့်ကျော် ၃ ရက် ၊ ၂၀၁၄ ဧပြီလ ၁၇ ရက်နေ့မှစ၍ ကိုရီးယားနိုင်ငံရောက် တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံပြီး လိုအင်ဆန္ဒများအားလုံး ပြည့်ဝပါစေလို့ နှစ်သစ်မှာ ဆုတောင်းပေး လိုက်ပါတယ်… ခင်ဗျာ။ ။
၁၆ ရက် ၄လ ၂၀၁၄ ခုနှစ် နံနက်ပိုင်းတွင် ကိုရီးယားနိုင်ငံ အင်ချွန်း-ဂျယ်ဂျူခရီးစဉ်သွား သင်္ဘော(စဲဝေါလ်) နစ်မြုပ်မှုတွင် သေဆုံးသွားသူများနှင့် ယနေ့တိုင် ပျောက်ဆုံးနေသူများအတွက် ၎င်းတို့၏မိသားစုများနှင့်အတူထပ်တူထပ်မျှ မြန်မာအသင်း (ကိုရီးယား)မှ ဝမ်းနည်းပူဆွေးရပါသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ကိုရီးယားနိုင်ငံတစ်ဝှမ်း ပူဆွေး၊ဝမ်းနည်း ၊သောကရောက်နေလျက် ရှိနေပါသည်။
သို့ပါ၍ ကိုရီးယားအစိုးရအနေဖြင့်၂၀၁၄ ခုနှစ် ဧပြီလအတွင်း မည်သည့်အသင်း၊အဖွဲ့အစည်းများမှ
ပြုလုပ်မည့် ပွဲတော်များအား ခေတ္တရွှေ့ ဆိုင်းထားပေးပါရန် အကြံပြုတောင်းဆိုလာပါသဖြင့် မိမိတို့
မြန်မာအသင်း (ကိုရီးယား)မှ လည်း ၂၀၁၄ ဧပြီလ၂ဝရက်နေ့တွင် ဘူချောန်းမြို့၊မြို့ မအားကစားကွင်းတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော (၁၄)ကြိမ်မြောက် မဟာသင်္ကြန်ပွဲအား ဝမ်းနည်းစိတ်မကောင်းစွာဖြင့် ဖျက်သိမ်းရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် တက်ကြွစွာ ဝိုင်းဝန်းပြင်
ဆင်ထားကြသော အသင်းအဖွဲ့အစည်းအသီးသီးအား မြန်မာအသင်း(ကိုရီးယား)မှ အနူးအညွတ်
တောင်းပန်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့
မြန်မာအသင်း(ကိုရီးယား)

1 comment:
စိတ်မကောင်းစရာသတင်းပါ၊ဖြစ်ရလေ ကိုရီးယားရယ်။
Post a Comment